မယ်စဲ့မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး အသိပညာပေး

မယ်စဲ့ စက်တင်ဘာ ၂၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေးနှင့် Take-away စနစ်ဖြင့်သာ ဝယ်ယူစားသောက်ရေး လိုက်လံစစ်ဆေး အသိပညာပေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါသည် ပြည်ပသို့ ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှု များပြားလာခဲ့ပြီး စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်တို့တွင် ဆိုင်ထိုင်စားသောက်ခြင်းမှ ဆင့်ပွားကူးစက်ခံရသူ အရေအတွက် များစွာပါဝင်ကြောင်း စီစစ်တွေ့ရှိရသဖြင့် မိမိတို့မြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနှင့် ကော်မတီဝင်များက စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များတွင် ဆိုင်ထိုင်စားသောက်ခွင့် မရှိကြောင်း၊ ပါဆယ်စနစ်ဖြင့် ရောင်းချရေးနှင့် Take Away စနစ်ဖြင့် ဝယ်ယူစားသောက်စေရေး လိုက်လံစစ်ဆေး အသိပေးပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)