ဗိုလ်တထောင် စက်တင်ဘာ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်း အမှတ် (၆) Quarantine center တွင် ယမန်နေ့ နေ့လယ်(၂:၃၀)က Wi-Fi တပ်ဆင် လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ Wi-Fi တပ်ဆင်မှုကို Global Net Company ကလှူဒါန်းပြီး၊ Wi-Fi repeat transmitter And accessories များအတွက် MKT company ဦးမျိုးမြင့်က ငွေကျပ် (၅)သိန်း လှူဒါန်းခဲ့ကြောင်းသိရသည်။ အ.ထ.က(၆)ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ အတည်ပြု လူနာများ နှင့် ထိတွေ့မှုရှိခဲ့သူ (၄၅)ဦး အထိ Quarantine ဝင်ရောက်နေပြီ ဖြစ်သည်။ Quarantine ဝင်ရောက်သူများ Wi-Fi သုံးစွဲနိုင်ရန် လှူဒါန်းပေးသည့် အတွက် ကျေးဇူးတင်ရှိကြောင်း မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး(ခ)ဒေါ်မေစိုးက ပြောကြားခဲ့သည်။ ဗိုလ်တထောင်မြို့နယ် Quarantine center အတွက်လိုအပ်ချက်များကို လှူဒါန်းနိုင်ရန် အလှူရှင်များအား နှိုးဆော်လျက်ရှိကြောင်းသိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)