မြို့နယ်အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး(စာရေးဝန်ထမ်း)များအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်

ပွင့်ဖြူ စက်တင်ဘာ  ၂၂

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး (စာရေးဝန်ထမ်း)များအား ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်မှုအား အသိအမှတ်ပြုသည့် အနေဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က နိုင်ငံတော်မှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ တာဝန်ကျရာ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ရုံးဖွင့်ရက်များတွင်သာမက (စနေ ၊ တနင်္ဂနွေ) ရုံးပိတ်ရက် များတွင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့်အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ (၁.၈.၂၀၂၀)မှ (၃၀.၉.၂၀၂၀) ရက် အတွင်း အစိုးရရုံးပိတ်ရက်(၁၉)ရက်အတွက် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းတာဝန်များကို ကြိုးစား ဆောင်ရွက်မှု အပေါ် အသိအမှတ်ပြုသောအားဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ပါကြောင်းနှင့် ဆက်လက်ပြီး မိမိတို့ တာဝန်ယူဆောင်ရွက်ရသော ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်သွားကြစေ လိုကြောင်း ဆွေးနွေး ပြောကြားသည်။  
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး (စာရေးဝန်ထမ်း) (၅၆)ဦးအား နိုင်ငံတော်မှ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းတာဝန်များကို (စနေ ၊ တနင်္ဂနွေ)အစိုးရရုံးပိတ်ရက်(၁၉)ရက်စာ ကျေပွန်စွာ ကြိုးစားဆောင်ရွက်မှုအတွက် တစ်ရက်လျှင် နေ့တွက်စရိတ် ၄၈၀၀ ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၉၁၂၀၀ စီ အား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြကြောင်း နှင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၁၀၇၂၀၀ အား ဂုဏ်ပြု ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  
ရဲဝင်းနိုင် ( ညောင်ဦး )