လဟယ် စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ခဲ့ရာ အဆိုပါထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်း အိမ်တိုင် ရာရောက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများက ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့မှုတွင် မြို့ပေါ်ရပ်ကွက်ရှိပုံမှန် ၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး တာလံရပ်ကွက်တွင် အခြေခံအိမ်ထောင်စု (၆၂) စု၊ မြို့မရပ်ကွက်တွင် (၁၃၁)စု၊ တိုးချဲ့ ၁ ရပ်ကွက်တွင် (၆၄) စုနှင့် တိုးချဲ့-၂ ရပ်ကွက်တွင် (၁၇၆)စု မြို့ပေါ်ရပ်ကွက် (၄) ခု အိမ်ထောင်စုပေါင်း (၄၃၃) စုအတွက် ထောက်ပံ့ငွေကျပ်-(၈၆၆၀၀၀၀) တိတိ ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)