ဗန်းမောက်မြို့၌ သန့်ရှင်းသာယာလှပစေရေးနှင့် စနစ်တကျ အမှိုက်များ စွန့်ပစ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်

ဗန်းမောက် စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့တွင်း သန့်ရှင်း သာယာလှပစေရေးနှင့် စနစ်တကျအမှိုက်များစွန့်ပစ်နိုင်ရေး လုပ်ငန်းများကို လုပ်သားအင်အား၊ စက်ယန္တရား အင်အားဖြင့် ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် ဗန်းမောက်-အင်းတော်လမ်းဘေး အမှိုက်ပစ်လမ်းပြက်စီးနေမှု များအား ပြန်လည် ကောင်းမွန်စေရန်အတွက် လမ်းသားချဲ့ခြင်း၊ ချောင်းသဲကျောက်ခင်းခြင်း၊ မြို့မ ကျောက်တိုင်ကွင်း အတွင်း မြေသားညှိခြင်းလုပ်ငန်းနှင့် မြို့အဝင်လမ်းဘေးဝဲယာတစ်လျှောက် မော်တော် ယာဉ်များဖြင့် အမှိုက်များ လိုက်လံ သိမ်းဆည်းခြင်းလုပ်ငန်းများကို စည်ပင်သာယာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်တို့က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလာတူ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာ ရေးဦးစီးဌာနမှ ဝန်ထမ်းများက သန့်ရှင်းရေးလုပ်ငန်းများကိုလည်း ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန အမှုဆောင်အရာရှိ ဦးနေလင်းသိန်း၏ ပြောကြားချက်အရ သိရသည်။

ကျော်စွာ(ဗန်းမောက်)