ပန်ဆိုင်း(ကြူကုတ်)မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် ဆေးဖျန်းခြင်းလုပ်ငန်း ဆက်လက် ကွင်းဆင်းဆောင်ရွက်

ပန်ဆိုင်း            စက်တင်ဘာ 

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌  မိုးရာသီကာလတွင် အများဆုံးဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆေးဖြန်းခြင်းလုပ်ငန်းများ ကို ယနေ့ နံနက်(၈)နာရီအချိန်ခန့်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ အမှတ်() ရပ်ကွက်နှင့် အမှတ်() ရပ်ကွက် တို့တွင် ဆက်လက်ကွင်းဆင်းဆောင်သည်။

ပန်ဆိုင်း(ကြူကုတ်)မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတီခွန်ဆန်ဒွန်း ဦးဆောင်သည့် ဝန်ထမ်းများ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ဝိုင်းဝန်းပူးပေါင်းပြီး ရပ်ကွက်နေ ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး ပြောကြားသည်။ ဆက်လက် ပြီး နေအိမ်များတွင် သောက်သုံးရေသိုလှောင်သည့် ရေအိုးများ ရေတိုင်ကီများနှင့် ရေကန်များကို ဖုံး ၊သွန် ၊လဲ၊ စစ် ပြုလုပ်ပေးပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အိမ်ပတ်ဝန်းကျင်သန့်ရှင်းရေး တို့ကိုလည်း စနစ်တစ်ကျဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ဆေးဖျန်းရန် ကျန်ရှိနေသည့် ရပ်ကွက်များ နှင့်ကျေးရွာများကိုလည်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး အတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

သန်းမိုးခိုင် (ပြန်/ဆက်)