မိုးနဲ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေ မရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယ အကြိမ်ထောက်ပံ့သောငွေများကို သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများသို့ ယနေ့နံနက် ၈ နာရီ အချိန်က တာဝန်ရှိ သူများက ကွင်းဆင်းသွားရောက်ထောက်ပံ့ပေးအပ်လျက်ရှိ ကြောင်းသိရသည်။
မိုးနဲမြို့နယ် နှင့်ကျိုင်းတောင်းမြို့ အတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစာ အိမ်ထောင်စု ၈၅၀ စု ရှိပြီး အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် မိုးနဲမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ် နှင့်အဖွဲ့ ဝင်များ ၊မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မြို့ပေါ် (၅) ရပ်ကွက် သို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်များ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသော ပြည်သူများ သိရှိစေရန် အချက်များ ကို (hand Speaker)ဖြင့်ကြေညာခြင်း ၊ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏လက်ဝယ်အရောက် ထောက်ပံ့ငွေ ကျပ် ၂၀၀၀၀ စီကို ကွင်းဆင်း ပေးအပ် ထောက်ပံ့ခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
မျိုးညွန့်ရွှေ ( မိုးနဲ )