ရန်ကုန် စက်တင်ဘာ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံတွင် ဆောင်ရွက် ထားသော Community Based Facility Quarantine Centre တွင် Quarantine နေထိုင် နေရသူများ၏ နှာခေါင်းနှင့် အာခေါင် တို့ဖတ် Swab များမှ ဓာတ်ခွဲနမူနာ ရယူခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ကိုဗစ်-၁၉ Mobile Swab Van မှ လာရောက်ဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် သိမ်ဖြူလက်ဝှေ့ရုံ Community Based Facility Quarantine Centre တွင်ရှိသည့် Primary Contact (၆၁) ဦးတို့၏ နှာခေါင်းတို့ပတ်နှင့် အာခေါင် တို့ဖတ်တို့အား Swab ရယူ၍ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိမှု ရှိ / မရှိ တို့အား ဓာတ်ခွဲ ဆောင်ရွက်နိုင်ရန်အတွက် (ပထမအကြိမ်) အဖြစ် လာရောက်ဆောင်ရွက်ခဲ့ရာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများနှင့် Volunteer များက လိုအပ်သည် များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)