အရာတော် စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ယမန်နေ့ နံနက်(၉)နာရီမှ စတင်ပြီး အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ပင်စင်လစာများ ထုတ်ပေးရာတွင် လူစုလူဝေးမ ဖြစ်ပေါ်စေရန် အရာတော်မြို့နယ ်အတွင်းရှိ အငြိမ်းစား ပင်စင်စားဝန်ထမ်း (၉၄၁) ဦးအနက် ကျေးရွာများရှိ အငြိမ်းစား ဝန်ထမ်းများကို စက်တင်ဘာလ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ ထုတ်ပေးမည်ဖြစ်ပြီး၊ မြို့ပေါ်ရှိ ပင်စင်စားများကို (၂၅)ရက်နေ့မှ (၂၉) ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ တစ်ဦးနှင့် တစ်ဦး (၆) ပေအကွာထားရှိကာ ဘဏ်အတွင်းသို့ ဝင်ရောက် သူတိုင်းလက်ဆေးခြင်း၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ကြစေရန်နှင့် အငြိမ်းစား ဝန်ထမ်းများ အဆင်ပြေစေရေးအတွက် ဘဏ်ဝန်ထမ်းများက စနစ်တကျ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း မြန်မာ့စီးပွား ရေးဘဏ် မန်နေဂျာ ဒေါ်ခင်သန်းမော်၏ ပြောကြားချက်အရ သိရသည်။
မြို့နယ် ပြန်/ဆက်