ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine centre အဖြစ် အသုံးပြုမည့်နေရာများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၂၂

ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine centre အဖြစ် အသုံးပြုမည့်နေရာများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရေးအတွက် ယ‌မန်နေ့မွန်းလွဲပိုင်း အချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်၊ ဗဟန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများသည်၊ ဗဟန်းမြို့နယ် Facility Quarantine Center အဖြစ်အသုံးပြုမည့်၊ ကျိက္ကဆံ ဘတ်စကတ်ဘော အားကစားရုံနှင့် အ.မ.က(၁) ဗဟန်း(အရံထားရှိ)ကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ မိမိတို့မြို့နယ်အတွင်း ရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးတွေ့ လူနာနှင့် ဆက်စပ်ထိတွေ့ ရှိသူများအား အချိန်မီ Quarantine ထားရှိနိုင်ရေး၊ ပိုးတွေ့လူနာ နေထိုင်ခဲ့သော အိမ်နှင့်ပတ်ဝန်းကျင်တို့အား ပိုးသတ်ဆေးဖြန်းခြင်းများနှင့် Lockdown ချထားရေးများ စသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်နိုင်‌ရေး လုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)