တီးတိန် စက်တင်ဘာ ၂၃
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူးများ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၅)အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၉၁၂၀၀/-နှုန်းဖြင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းကျော်နှင့် တာဝန်ရှိသူတို့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)