ကရသူရိမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများသို့ စတုတ္ထအကြိမ်ငွေကျပ် (၂၀၀၀၀) ထောက်ပံ့ငွေများပေးအပ်

ကရသူရိ၊  စက်တင်ဘာ  ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊  မြို့ပေါ်ရပ်ကွက်များတွင်  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများသို့ စတုတ္ထအကြိမ်ထောက်ပံ့သည့် အိမ်ထောင်စု (၁) စုလျှင် ငွေကျပ် (၂၀၀၀၀) ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ယနေ့နံနက် ၁၀ နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအသီးသီးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်−၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရမှ   ပုံမှန်ဝင်ငွေမရှိသည့်    အခြေခံလူတန်းစား အိမ် ထောင်စုများသို့ ပထမအကြိမ်အဖြစ် အခြေခံစားသောက်ကုန် (၅) မျိုး၊ ဒုတိယအကြိမ်အဖြစ်အကြောင်း အမျိုးအမျိုးကြောင့် ကျန်ရှိနေသည့်အိမ်ထောင်စုများသို့ ငွေကျပ် (၁၅၀၀၀)၊ တတိယအကြိမ်ငွေကျပ် (၂၀၀၀၀) တို့ကို  ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ရာ  ယခုငွေကျပ် (၂၀၀၀၀) ထောက်ပံ့ခြင်းသည် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)