ဖျာပုံမြို့ပေါ် ရပ်ကွက်/ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ဖျာပုံ စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ပေါ် ရပ်ကွက်/ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်း မှစတင်၍ မြို့ပေါ်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှ အခြေခံလူတန်းစား အိမ်ထောင်စုများသို့ ထောက်ပံ့ငွေများ ပေးအပ်ကြ သည်။

အဆိုပါပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်(CERP)အရ နိုင်ငံတော်အစိုးရမှ တတိယအကြိမ်အဖြစ် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ ()သောင်းကျပ်ကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ ကိုဗစ်ကော်မတီများ မှတစ်ဆင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ တတိယအကြိမ်အဖြစ် ထောက်ပံ့ငွေများအား မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၃၀၃၉၀)စုအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်()သောင်း နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း (၆၀၇,၈၀၀,၀၀၀/)အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများက ထောက်ပံ့ငွေများအား အသီးသီး ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)