မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာတွင် မြစ်ကမ်းပါးပြိုကျနေမှုအား ကမ်းထိန်းနံရံ တည်ဆောက်ရန်အတွက် ထောက်ပံ့ငွေပေးအပ်

မိုးညို စက်တင်ဘာ ၂၃

လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ၀န်ထမ်းများက ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညို မြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျလျက်ရှိရာ ကမ်းထိန်းနံရံတည်ဆောက်ရန် အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရွှေခဲ ကျေးရွာရှိ မဟာရွှေခဲဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါမြစ်ကမ်းပါး ပြိုကျနေမှုအား ကမ်းထိန်းနံရံ တည်ဆောက်ရန်အတွက် ထောက်ပံ့ငွေ ၄၉၆၀၀၀၀ ကျပ်ကို မိုးညိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာ၀န်ရှိသူများနှင့်အတူ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဂေါပကအဖွဲ့နှင့် ရပ်မိ/ရပ်ဖများထံသို့ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)