တပ်ကုန်း စက်တင်ဘာ ၂၃
နေပြည်တော်တပ်ကုန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲ က အသံချဲ့စက်ဖြင့် မြို့တွင်းလှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့သည်။
အဆိုပါ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်မရှိစေဘဲ ပါဆယ်စနစ်သို့ သတ်မှတ် ရောင်းချစေရန်နှင့် ရပ်ကွက်/ကျေးလက်နေပြည်သူများ နေအိမ်ပြင်ပ ထွက်ရှိသည့် အချိန်နှင့် ဈေးရောင်း/ဈေးဝယ်သွားတိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ကြရန် အသံချဲ့စက်ဖြင့် မြို့တွင်းလှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့သည်။ တပ်ကုန်း မြို့နယ်တွင် စားသောက်ဆိုင်နှင့်လက်ဘက်ရည်ဆိုင် စုစုပေါင်း (၁၃၆)ဆိုင်ရှိကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
တင်စိုးလွင်