ခေါင်လန်ဖူး၌ ကျေးရွာ ၄၁ ရွာရှိ အများသုံးရေစုကန်များတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သောE.coli ပိုး ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျေးရွာများသန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက် လျက်ရှိရာ ကျေးရွာ ၄၁ ရွာမှ အများသုံးရေစုကန်များတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်စေတတ်သော E.Coli ပိုးရှိ/မရှိကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှုးနှင့် တာဝန်ရှိသူများက စက်တင်ဘာလ ၇ ရက်နေ့ မှ ၂၂ ရက်နေ့အထိ ရက်ပေါင်း(၁၆)ရက်ကြာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း၍ အောက်ဆီဂျင်စက်နှင့် ချွဲစုပ်စက်ဝယ်ယူနိုင်ရေး အလှူငွေပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ တိုက်နယ်ပြည်သူ့ ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသည့်လူနာများ၏ ကျန်းမာရေးကိစ္စအဝဝအတွက် အသုံးပြုနိုင်ရန် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း၍ နောင်တရားတိုက်နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်နေသည့် အောင်ဆီဂျင်စက် (Air-Concentrator) (5L)နှင့် ချွဲစုပ်စက် (Suction Machine) ဝယ်ယူနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်း က နောင်တရားတိုက်နယ် ပြည်သူ့ဆေးရုံ၌ အလှူငွေများပေးအပ်လှူဒါန်းသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြသည်။

ရှမ်းရွာသစ်မြို့အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

တန့်ဆည်မြို့နယ်အတွင်း အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်ငွေများ အိမ်တိုင်ရာရောက် ပေးအပ်ခြင်းကို

ပဲခူးတိုင်း ဒေသကြီး၊ မင်းလှမြို့နယ်အတွင်း ကိုဗစ်−၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက်  တစ်အိမ်ထောင် ငွေကျပ် ၂၀၀၀၀ နှုန်း တတိယအကြိမ် ထောက်ပံ့ ပေးအပ်

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရအနေဖြင့်ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့မှုများပေးလျက်ရှိရာ ပဲခူးတိုင်း ဒေသကြီး၊ မင်းလှမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက်

ပုလဲမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများအား သီးခြားထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပုလဲရတနာ ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးများအား သီးခြားထောက်ပံ့ ငွေပေး အပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

မြောင်းမြ၌ အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေထုတ်ယူရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းများမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စု (၄၁) အုပ်စု အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၄၉၇၅ အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ နှစ်သောင်း ပေးအပ်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ စားဝတ်နေရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရက တတိယအကြိမ်အဖြစ် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ အတွက် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် နှစ်သောင်း နှုန်းဖြင့် နောင်ချိုမြို့နယ် ရပ်ကွက် ကျေးရွာအုပ်စုတွင်းရှိ အိမ်ထောင်စုများသို့ ယမန်နေ့နံနက် ၈ နာရီမှ စ၍ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ စစ်ဆေးရေးဂိတ်များအား ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အစဉ်မပြတ် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ထိုက် ဦးဆောင်၍ မြို့အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ စစ်ဆေးရေး ဂိတ်များ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
Subscribe to