မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး (စာရေးဝန်ထမ်း) များ အား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်

 

မိုးနဲ   စက်တင်ဘာ   ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသော (စာရေးဝန်ထမ်း) ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး များအား ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်မှုအား အသိအမှတ်ပြုသည့်အနေဖြင့် ထောက်ပံ့ငွေပေးအပ်ချီးမြှင့် ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်ကမ္ဘောဇမခန်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က နိုင်ငံတော် မှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ တာဝန်ကျရာ ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်း တာဝန်များကို ရုံးဖွင့်ရက်များတွင် သာမက (စနေ ၊ တနင်္ဂနွေ) ရုံးပိတ်ရက် များတွင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိသည့်အတွက်  (၁.၈.၂၀၂၀)မှ (၃၀.၉.၂၀၂၀) ရက် အတွင်း အစိုးရရုံးပိတ်ရက ်(၁၉)ရက် အတွက် ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းတာဝန် များကို ကြိုးစားဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုသော အားဖြင့် ထောက်ပံ့ငွေပေး အပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း၊ ဆက်လက်ပြီး မိမိတို့တာဝန် ယူဆောင်ရွက်ရသော ရပ်/ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏တာဝန် များကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြား သည်။  

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသော မိုးနဲမြို့နယ်မှ ၁၉ ဦး၊ကျိုင်းတောင်းမြို့မှ ၇ ဦး  စုစု‌ပေါင်း (စာရေးဝန်ထမ်း) ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး  ၂၆ ဦးအား နိုင်ငံတော်မှ အစိုးရ ရုံးပိတ်ရက်(၁၉)ရက်အတွက် တစ်ရက်လျှင်နေ့တွက်စရိတ် ၄၈၀၀ ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၉၁၂၀၀ စီကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ (စာရေးဝန်ထမ်း) များက အသီးသီး လက်ခံရယူခဲ့ကြကြောင်း နှင့် စုစုပေါင်း ထောက်ပံ့ ငွေကျပ် ၁၂၄၈၀၀၀ ကိုထောက်ပံ့ ပေး အပ်ခဲ့ကြောင်း သိရသည်။

 

 မျိုးညွန့်ရွှေ ( မိုးနဲ )