ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝယ်ယူမှုကြောင့် တစ်ပတ်အတွင်း ကြက်သွန်နီဈေးမြင့်တက်

မန္တလေး၊ စက်တင်ဘာလ    ၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဝယ်ယူမှုကြောင့် တစ်ပတ်အတွင်း ကြက်သွန်နီဈေးများ မြင့်တက်လာကြောင်း ကြက် သွန်စိုက်တောင်သူများထံမှ သိရသည်။
"ကြက်သွန်ကတော့ ဒီရက်ပိုင်းမှာ ဈေးနည်းနည်းတက်သွားတယ်။ ဘင်္ဂလားဘက်က လိုအပ်ချက်ရှိလာတဲ့အခါကျ ဈေးနည်းနည်းပြောင်းသွားတယ်။ ပြီးခဲ့တဲ့ရက်တွေတုန်းက ပြည်တွင်းမှာ ကြက်သွန်လက်ကျန်လည်းများတယ်။ ပြည်တွင်းစားသုံးမှုလည်း ပိုလျှံနေတယ်။ တရုတ်ဘက်က ဝယ်တယ်ဆိုပေမယ့် တရုတ်ဘက်က အကန့်အသတ်နဲ့ဘဲ တဖြေးဖြေးချင်းဝယ်နေတာဆိုတော့ ကြက်သွန်နီက တစ်ပိသာကို တောဈေး သုံးရာငါးဆယ်လေးရာလောက်ဘဲ ဖြစ်နေခဲ့တယ်။ သင်္ကြန်ပြီးနောက်ပိုင်း တစ်ချိန်လုံးပေါ့။ ဈေးတက်မလာဘူး။ အခု ဘင်္ဂလားဘက်က လိုအပ်ချက်အနည်းငယ်ရှိလာတော့ လွန်ခဲ့တဲ့နှစ်ရက်သုံးရက်အတွင်းမှာဘဲ တစ်ပိဿာကို တောဈေးအကြမ်းဖျင်းအားဖြင့်ဆိုရင် တောဈေးခြောက်ရာကျပ်မှ ခုနစ်ရာကျပ်ဝန်းကျင် ဖြစ်ခဲ့တယ်။ အခု ဒီရက်ပိုင်းတစ်ပတ်လောက်မှာဘဲ ဘင်္ဂလာဒေ့ရ်ှကဝယ်တဲ့အတွက် ဈေးနှုန်းလေးတွေ ပြောင်းလာတယ်။ " ဟု မန္တလေးတိုင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင်သီးနှံအသင်း ဥက္ကဋ္ဌ ဦးဇော်မျိုးဦးက ပြောသည်။
ယခင်က ကြက်သွန်နီ ၁ပိဿာကို တောဈေး ၃၅၀ ကျပ်မှ ၄၀၀ ကျပ်ဝန်းကျင်ရှိရာမှ ယခုအခါ ကြက်သွန်နီ ၁ပိဿာကို တောဈေး ၆၀၀ ကျပ်မှ ၇၀၀ ကျပ် ဝန်းကျင်ရှိကြောင်း၊ ကြက်သွန်နီကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသောတိုင်းဒေသကြီးများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။
ထိပ်ထားနိုင်