မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးအလင်းတန်း လက်ကမ်း စာစောင်များဖြန့်ဝေ

မြို့သစ် စက်တင်ဘာ ၂၄

မကွေးတိုင်ဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည် သူများ အတွက် အသိပညာပြန့်ပွားရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး  ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသည့် ကလေးအလုပ်သမားပပျောက်ရေး အလင်းတန်း လက်ကမ်း စာစောင်များအား ယနေ့နံနက်ပိုင်းက   မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ယာယီစျေးနှင့် လမ်းသွား လမ်းလာ ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အလင်းတန်းလက်ကမ်းစာစောင်တွင် ကလေးသူ ငယ်ဘဝဘေးကင်းလုံခြုံရေး၊ ကလေးအလုပ် သမား အဓိပ္ပာယ်၊   ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ အန္တရာယ်ရှိသည့် လုပ်ငန်း/ အလုပ်၊ အဆိုးရွားဆုံးပုံစံဖြင့်  ခိုင်းစေခြင်း၊  ပန်းဖူးကလေးများပွင့်စေသားကဗျာ၊   ကလေးအလုပ် သမား ပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့် ရှောက်ပေး ဆောင်ပုဒ် စသည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများအား ထည့်သွင်း ဖော်ပြထား ကြောင်း သိရသည်။

ဝင်းအိဇွန် ( ပြန် / ဆက် )