တိုက်ကြီး စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အဖျောက်မြို့တွင် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေအား တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် နှင့် အဖွဲ့တို့ ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ကွင်းဆင်းစစ် ဆေးခဲ့သည်။
တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်၊ မြို့နယ်စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်အိအိခိုင် ၊ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်း နှင့် အင်ဂျင်နီယာ များ ပါဝင်သော အဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က တိုက်ကြီးမြို့နယ် အဖျောက်မြို့ အမှတ်(၄)ရပ်ကွက်၊ ဘုရားကြီးတောင်စုလမ်း ဆည်မြောင်းတာဘေးအောက်ခြေ သံကူကွန် ကရစ်တံတားဆောက်လုပ်နေသော လုပ်ငန်းခွင်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့သည် အဖျောက်မြို့ သင်္ဘောဆိပ်လမ်း နှင့် ရဲစခန်းဘေး အုတ်ရေမြောင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ နှင့် သင်္ဘောဆိပ်လမ်း Box Culvert လုပ်ငန်းဆောင်ရွက်ထားရှိသော လုပ်ငန်း ခွင်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)