မင်းလှမြို့နယ် တလုတ်ရင်းကျေးရွာ၌ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင်သစ် ဆောက်လုပ်မှု ၇၅ ရာခိုင်နှုန်းပြီးစီး

အထက်မင်းလှ   စက်တင်ဘာ  ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တလုတ်ရင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)ဝန်း အတွင်း၌ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် တစ်ထပ် ကျောင်းဆောင်သစ် တည်ဆောက် ခြင်း လုပ်ငန်းများ (၇၅) ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်သည်။

အဆိုပါ တစ်ထပ်ကျောင်းဆောင်သစ် အဆောက်အဦမှာ အလျား ၉၀ ပေ၊ အနံ  ၃၀ ပေ RC တစ်ထပ်ဆောင်  အမျိုးအစားဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်  ၆၄.၈ သန်းဖြင့် Zest ကုမ္ပဏီက  တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ကြောင်းနှင့်  ယခုအခါတွင်  တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မှုမှာ ၇၅   ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းထံမှ သိရသည်။

ဇာဇာ (အထက်မင်းလှ)