ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပုလော၊ စက်တင်ဘာလ   ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော် မတီ၀င်များနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၀င်များနှင့် တာ၀န်ကျ ကျန်းမာရေး၀န်ထမ်းများ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများမှ အဝေးပြေးယာဉ်များ၊ အိမ်စီးယာဉ်ငယ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာနေကြသည့် ခရီးသွားပြည်သူများကို အပြင်ထွက်တိုင်းနှာခေါင်းစည်းတပ်ဆင်ရန်၊ လက်ကိုမကြာခဏ သန့်ရှင်းစင်ကြယ်စွာ ဆေးကြောရန် အစရှိသည့် ကျန်းမရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိပါက ချက်ချင်း ၀ယ်ယူ တပ်ဆင်စေခြင်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
အေးအေးမော်(ပုလော-ပြန်/ဆက်)