သရက်မြို့ယာယီပျံကျဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ကျန်းမားရေး လမ်းညွှန်ချက်များလိုက်နာဆောင်ရွက်စေရေး ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ ဗိုလ်ချုပ်အားကစားကွင်းတွင် ဖွင့်လှစ်ထားသည့် ယာယီ ပျံကျဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင် သောအဖွဲ့က ယမန်နေ့ နံနက်(၉)နာရီခွဲက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ရပ်ကွက်/ကျေးရွာများအတွက် Hand Speaker နှင့် အပူချိန်တိုင်းကိရိယာများပေးအပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် အထောက် အကူပြု စေရန် ရပ်ကွက်/ကျေးရွာ များအတွက် Hand Speaker နှင့် အပူချိန်တိုင်း ကိရိယာများ ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လက်၀ယ်အရောက် ပေးအပ်ခဲ့သည်။

မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၀ မိုးချေးငွေနှင့် ကိုဗစ်-၁၉အထူးချေးငွေများ ထုတ်ချေးပြီးစီး

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၀ပြည့်နှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ချေးငွေများကို မေလ ၁၅ ရက်နေ့နှင့် ကိုဗစ်-၁၉ အထူးချေးငွေများကို ဇွန်လ၂၃ ရက်နေ့များတွင် စတင်ထုတ် ချေးပေးခဲ့ရာ စက်တင်ဘာ ၂၃ ရက်နေ့တွင်အပြီးသတ် ထုတ်ချေး ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

ကရင်ပြည်နယ်၊မြဝတီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြဝတီခရိုင်အမျိုး သမီး ရေးရာ အဖွဲ့တို့ ပူးပေါင်း၍ မြဝတီမြို့ အမှတ် ၁ ရပ်ကွက်ရှိ သောင်းရင်းပျံကျဈေးနှင့် နှင်းဆီလမ်းတို့တွင် ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိ ပညာပေးလက်ကမ်းစာစောင် များကို ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်တွင် မိုးသက်လေပြင်းကျ၍ ထူးကဲဒီရေမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးသည့် နေအိမ်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် စက်တင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့ထိ မိုးသက်လေပြင်းကျ၍ထူးကဲဒီရေမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ် မှုကြောင့် နေအိမ်များ ပြိုကျ၊ ပျက်စီးခဲ့သည့် ရေလေးသင့်ပင်လယ်ကျေးရွာများမှ မိသားစုဝင်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန မှ ထောက်ပံ့ပစ္စည်းများကို ယမန်နေ့က ကော့သောင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လာရောက်ထောက်ပံ့ပေး အပ်လျက်ရှိသည်။

ကျိုင်းတုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်ရောင်းချသူများအား ပါဆယ်စနစ် ဖြင့်သာ ရောင်းချကြရန် အသိပေးကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်‌ ရောင်းချသူများအား ပါဆယ်စနစ်ဖြင့်သာရောင်းချကြရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့ ညနေ ၅ နာရီက လိုက်လံအသိပေးကြေညာခဲ့သည်။

နမ့်ဆန်မြို့၌ နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့် တတိယအကြိမ်ထောက်ပံ့

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီခန့် က ဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ က တတိယအကြိမ် စုပေါင်းသွေးလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လာမည့် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ယမန်နေ့နံနက်ပိုင်း က တတိယအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခြင်း ပြုလုပ်သည်။

ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ (၁၉)ဦး ထပ်မံဝင်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့နံနက် (၆)နာရီမှညနေ (၆)နာရီအချိန်ထိ နေရပ်ပြန်ပြည်သူ (၁၉)ဦး ထပ်မံဝင်ရောက်ခဲ့သည်။

လှိုင်းဘွဲမြို့မဈေးအတွင်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း ညွန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွန်ကြားချက်နှင့်အညီ ပြည်သူများ သိရှိစေရန် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့မဈေးအတွင်း ညွန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to