ကျိုင်းတုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်ရောင်းချသူများအား ပါဆယ်စနစ် ဖြင့်သာ ရောင်းချကြရန် အသိပေးကြေညာ

ကျိုင်းတုံ           စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်‌ ရောင်းချသူများအား ပါဆယ်စနစ်ဖြင့်သာရောင်းချကြရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့ ညနေ ၅ နာရီက လိုက်လံအသိပေးကြေညာခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စစ်တမ်းများအရ ပြည်တွင်းကူးစက်မှု ဟုသုံး သပ်ရသည့် ကိုဗစ်-၁၉ ဒုတိယလှိုင်းရောဂါဆင့်ပွားကူးစက်ခံရသူများသည် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၌ ဆိုင်ထိုင်စားသောက်ခြင်း မှ ကူးစက်ခံရသူ အရေအတွက်များစွာပါဝင်လာကြောင်း စီစစ်တွေ့ရှိရ၍ မြို့နယ်အတွင်းရှိ လက်ဖက်ရည်နှင့် စားသောက်ဆိုင်ရောင်းချသူများအား စက်တင်ဘာ ၂၄ ရက်နေ့မှစတင်ပြီး  ဆိုင်ထိုင်စားသောက်စေခြင်းများ လုံးဝ(လုံးဝ) ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြပါရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ယာယီပိတ်သိမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့တွင်းသို့အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)