(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ က တတိယအကြိမ် စုပေါင်းသွေးလှူဒါန်း

ကွတ်ခိုင်  စက်တင်ဘာ  ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လာမည့် အောက်တိုဘာ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြို ဆိုသောအားဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ယမန်နေ့နံနက်ပိုင်း က တတိယအကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းခြင်း ပြုလုပ်သည်။

အဆိုပါ တတိယအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းမှုတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းထွန်း၊ ဒုရဲမှူး သန်းဌေးနှင့်  ရဲတပ်ဖွဲ့ဝင် (၃)ဦးတို့က လာရောက်စုပေါင်းလှူဒါန်းပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဝင့်ဝင့်မြိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ  ကြီးကြပ်ဆောင်ရွက်ပေးသည်။

 စုပေါင်း သွေးလှူဒါန်းကြသည့် ရဲတပ်ဖွဲ့ဝင်များကို မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများက ဆေးဝါးများ၊ ကြက်ဥနှင့် အာဟာရဖြည့်စွက်စာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)