လှိုင်းဘွဲ စက်တင်ဘာ ၂၅
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွန်ကြားချက်နှင့်အညီ ပြည်သူများ သိရှိစေရန် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့မဈေးအတွင်း ညွန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့မဈေးတွင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်နှင့်အညီ မလိုအပ်လျှင် အပြင်ထွက်ခြင်း မပြုလုပ်ရန်၊ လူစုလူဝေးမပြုလုပ်ရန် စသည့် အချက်များကို သိရှိလိုက်နာစေရန်အတွက် စည်ပင်သာယာဝန်ထမ်းက လှိုင်းဘွဲမြို့မဈေး အတွင်းသို့ ဈေးရောင်းဈေးဝယ်လာသူများအနေဖြင့် ကြတ်မတ်ဆောင်ရွက်ပေးလျက်ရှိပြီး ဈေးရောင်း/ဈေးဝယ်သူများ အနေဖြင့် လိုက်နာဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)