ဖားကန့်၌ တစ်ရက်အတွင်း ကျောက်ခဲထိမှန်မှုနှင့် ကမ်းပါးပြိုကျမှုတို့ကြောင့် ရေမဆေး ကျောက်ရှာသူနှစ်ဦးသေဆုံး
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ စက်တင်ဘာ ၂၃ ရက်နေ့တွင် တစ်ရက်အတွင်း ကျောက်ခဲ ထိမှန်မှုဖြစ်စဉ်နှင့် ကမ်းပါးပြိုကျမှုတို့ကြောင့် ရေမဆေးကျောက်ရှာသူ နှစ်ဦးသေဆုံးခဲ့ရ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။