လှိုင်သာယာမြို့နယ်၌ လေဖြတ်လူနာ(၃၈၀)ဦးအား ဆန်၊ဆီ၊ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ အိမ်တိုင်ရာရောက် လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်အပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက် ပျံနှံ့မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးနိုင်ရေးအတွက် ရည်ရွယ်၍

ကံမမြို့နယ် ထန်းတပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ပဉ္စမနှစ်စက်ဝန်း ချေးငွေများ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာပေါင်း ၂၈ ရွာရှိရာ ထန်းတပင် ကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ ပဉ္စမနှစ်မြောက်စက်ဝန်း ချေးငွေများ ထုတ်ပေးခြင်းကို ယမန်နေ့ နေ့လယ်က အဆိုပါကျေးရွာတွင် အသင်းဝင်များအား ထုတ်ချေးပေး ခဲ့သည်။

ဟားခါး၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ (၁/၂၀၂၀) အစည်းအဝေး ကျင်းပ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှု၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်းဆောင်ရွက်ဖြေရှင်းနိုင်ရေးအတွက် ဟားခါးခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ (၁/၂၀၂၀) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်တွင် ဟားခါးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဟားခါးခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဦးလျန်ဟေး၊ အတွင်းရေးမှူး ဒေါ်ချိုခိုင်ဦးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အခမဲ့ဖျားနာကုဆေးခန်းသို့ ရေမလိုလက်သန့်ဆေးရည် (၉၀)ဘူးအား ဘုန်းရွှေရည်မင်း ကုမ္ပဏီက လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ အမှတ်(၁၂) ရပ်ကွက်တွင် ဖွင့်လှစ်ထားသော အခမဲ့ဖျားနာကုဆေးခန်း သို့ ရေမလို လက်သန့် ဆေးရည် (၉၀)ဘူးကို ယမန်နေ့ မွန်းလွဲပိုင်းက ဘုန်းရွှေရည်မင်း ကုမ္ပဏီက လှူဒါန်းခဲ့သည်။

စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြေနီကုန်းကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ(စတုတ္ထအကြိမ်) ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီး ဌာနမှ မြေနီကုန်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ(စတုတ္ထအကြိမ်)ကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊အရောင်းအဝယ်နှင့်အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်မည့် တောင်သူ (၁၈၀)ဦးအား ကျေးရွာ စုရပ်ဆောင်တွင် ယမန်နေ့နေ့လယ်ပိုင်းက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကန်ပက်လက်မြို့ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ Take Away စနစ်ဖြင့် ပြန်လည်ရောင်းချပေး

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင် များကို Take Away စနစ်ဖြင့််ရောင်းချစေကြောင်း သိရသည်။

ပူတာအိုမြို့နယ်၌ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလစီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan(CERP)အရ ကျေးလက်ဒေသနေ မိသားစုများ၀င်ငွေလျော့နည်းလာမှုနှင့် စား၀တ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash For Workစီမံကိန်းဖြင့် ကျေးရွာငါးရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မြစ်သား၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဆဋ္ဌမအကြိမ် ထုတ်ချေး

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေ ဆဋ္ဌမအကြိမ်မြောက် ပြန်လည်ထုတ်ချေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြစ်သား မြို့နယ်၊ ခန္တီးကြီးကျေးရွာ၊ ခန္တော ကျေးရွာတို့၌ ဆောင်ရွက် ခဲ့ကြသည်။

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေး လှူဒါန်းခြင်းနှင့် သန့်ရှင်းရေးများဆောင်ရွက်

အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပဲခူတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ ယမန်နေ့က ပြည်သူ့ အကျိုးပြု လုပ်ငန်းများဆောင်ရွက်ခဲ့သည်။

မြန်မာ-လာအို နယ်စပ်ဝင်ပေါက်မှ နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမား (၅၄) ဉီး ပြန်လည်ဝင်ရောက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မြန်မာ-လာအို နယ်စပ်ဝင်ပေါက်မှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား၂၇ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၅၄ ဦး ယမန်နေ့က လာအိုနိုင်ငံ မဲခေါင်မြစ် မိုင်းမောဆိပ်ကမ်းမှ ဝမ်ပုံဆိပ်ကမ်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to