သရက် စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ ဗိုလ်ချုပ်အားကစားကွင်းတွင် ဖွင့်လှစ်ထားသည့် ယာယီ ပျံကျဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင် သောအဖွဲ့က ယမန်နေ့ နံနက်(၉)နာရီခွဲက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ခရိုင်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့်အဖွဲ့ဝင်များက ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား သရက် မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မဖြစ်မနေအိမ် အပြင်ထွက်ရသူများကို နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်ပြီးမှ အပြင်ထွက်ကြရန်နှင့် တတ်နိုင်သရွေ့အိမ်မှာ သာနေထိုင်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်းချက် များနှင့်အညီနေထိုင်ကြရန်၊ မလိုအပ်လျှင်ခရီးမသွားကြရန် စသည့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ သရက်မြို့တွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မြို့နယ်တွင်းရှိ ဈေးများ၊ ပဲ့ထောင်ဆိပ်နှင့် မြို့အဝင်/ အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်းများ၊ စစ်ဆေးခြင်းများကို နေ့စဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)