မြဝတီ စက်တင်ဘာလ ၂၅
ကရင်ပြည်နယ်၊မြဝတီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြဝတီခရိုင်အမျိုး သမီး ရေးရာ အဖွဲ့တို့ ပူးပေါင်း၍ မြဝတီမြို့ အမှတ် ၁ ရပ်ကွက်ရှိ သောင်းရင်းပျံကျဈေးနှင့် နှင်းဆီလမ်းတို့တွင် ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိ ပညာပေးလက်ကမ်းစာစောင် များကို ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါသည် ကိုယ်အပူချိန်တက်ခြင်း၊ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အသက်ရှုရ ခက်ခဲခြင်းစသည့် လက္ခဏာများသည် ရာသီတုပ်ကွေးလက္ခဏာများနှင့်ဆင်တူသောကြောင့် အဆိုပါလက္ခ ဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက် ပြသရန်လိုအပ်ကြောင်းကိုလည်း အသိပညာ ပေး ခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် လက်ကိုရေနှင့်ဆပ်ပြာအသုံးပြု၍ စက္ကန့်၂၀ ကြာအောင် စနစ်တကျဆေး ကြောခြင်း၊ အခြားသူများနှင့် အနည်ဆုံး ၆ ပေအကွာမှ စကားပြောဆိုဆက်ဆံခြင်း၊ ပါးစပ် နှင့်နှာခေါင်းစည်း များကို အပြင်ထွက်သည့်အချိန်၊ အခြားသူများနှင့် ပြောဆိုဆက်ဆံသည့်အချိန်တွင် စနစ် တကျတပ်ဆင် အသုံးပြုခြင်း၊ ကောလဟာလသတင်းမှားများကို လုံးဝမယုံမိစေခြင်း၊ ကျန်းမာ ရေးနှင့်အား ကစားဝန်ကြီး ဌာန၊ နိုင်ငံပိုင်မီဒီယာများမှ သတင်းများ၊လမ်းညွှန်ချက်များကိုသာ ယုံကြည်လိုက် နာစေခြင်းတို့ ပါဝင် ကြောင်းသိရသည်။
မန်းသန်းရွှေမြင့်