ကလိန်အောင်မြို့၌ Cash for Work စီမံကိန်းလုပ်ငန်းဖြင့် ကျေးရွာဘက်စုံသုံးခန်းမ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှု စစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ကျောက်ရှပ်ကျေးရွာ၌ Cash for Work စီမံကိန်းလုပ်ငန်းဖြင့်ကျေးရွာလူထုကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသောကျေးရွာဘက်စုံသုံး ခန်းမ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းပြီးစီးမှု အား ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။