လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ရပ်ကွက်/ကျေးရွာများအတွက် Hand Speaker နှင့် အပူချိန်တိုင်းကိရိယာများပေးအပ်

လိပ်သို စက်တင်ဘာ ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် အထောက် အကူပြု စေရန် ရပ်ကွက်/ကျေးရွာ များအတွက် Hand Speaker နှင့် အပူချိန်တိုင်း ကိရိယာများ ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လက်၀ယ်အရောက် ပေးအပ်ခဲ့သည်။

ထိုသို့ ပေးအပ်ရာတွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော် က ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက် နေသည့် လုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ  အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  အသိပေးချက် ညွှန်ကြား ချက်များကို အချိန်နှင့်တစ်ပြေးညီ ပြည်သူများသိရှိနိုင်စေရန် ကြေညာနိုင်ရေးအတွက် အထောက်အကူပြုသည့် Hand Speaker နှင့် အပူချိန်တိုင်း ကိရိယာများ ထောက်ပံ့ပေးရခြင်း ဖြစ်ကြောင်း  ပြောကြားပြီး ရပ်ကွက် /ကျေးရွာများ အတွက်  Hand Speaker  အလုံး (၃၇) လုံး နှင့် အပူချိန်းတိုင်းကိရိယာ (၃၇) ခု တို့ကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ  လက်၀ယ် အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)