လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်အပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက် ပျံနှံ့မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးနိုင်ရေးအတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် အတွင်းရှိ လေဖြတ်လူနာ(၃၈၀)ဦးအား ဆန်၊ဆီ၊ကြက်ဥ၊ ခေါက်ဆွဲခြောက်များကို ယမန်နေ့ ညနေပိုင်းက အိမ်တိုင်ရာရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် အေကေကုမ္ပဏီပိုင်ရှင် ဦးဖိုးချိုလင်း+ဒေါ်မိငယ်မိသားစုနှင့် ကိုအောင်ချမ်းသာ မိသားစုတို့မှ ကိုဗစ်−၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း လှိုင်သာယာ မြို့နယ် အတွင်းရှိ လေဖြတ်လူနာ(၃၈၀)ဦးတို့အား ဆန်၊ ဆီ၊ ကြက်ဥနှင့်ခေါက်ဆွဲခြောက်များကို ရပ်/ကျေး အလုပ်အမှုဆောင်များနှင့်အတူ အိမ်တိုင်ရာရောက် လိုက်လံပေးအပ် လှူဒါန်း ခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)