(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေး လှူဒါန်းခြင်းနှင့် သန့်ရှင်းရေးများဆောင်ရွက်

မင်းလှ စက်တင်ဘာ ၂၅

အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပဲခူတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ ယမန်နေ့က ပြည်သူ့ အကျိုးပြု လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သန်းကြီးကြပ်မူဖြင့်  မြို့မ ရဲစခန်းမှူး ဒုရဲမှူးလင်းလင်းနှင့် တပ်ဖွဲ့ဝင်များက မြို့နယ်ပြည်သူ့ဆေးရုံတွင် စုပေါင်းသွေး လှူဒါန်းခြင်းနှင့် အမှတ်(၅) ရပ်ကွက်၊ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း/အပြင်၌  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ