လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ အမှတ်(၁၂) ရပ်ကွက်တွင် ဖွင့်လှစ်ထားသော အခမဲ့ဖျားနာကုဆေးခန်း သို့ ရေမလို လက်သန့် ဆေးရည် (၉၀)ဘူးကို ယမန်နေ့ မွန်းလွဲပိုင်းက ဘုန်းရွှေရည်မင်း ကုမ္ပဏီက လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းရာတွင် ဘုန်းရွှေရည်မင်း ကုမ္ပဏီမှ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင်အသုံးပြုရန်အတွက် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၂) ရပ်ကွက်၌ ဖွင့်လှစ်ထားသောအခမဲ့ ဖျားနာကုဆေးခန်းသို့ ရေမလိုလက်သန့်ဆေးရည် 500ml (၉၀)ဘူးအား ပေးအပ်လှူဒါန်းခဲ့ပြီး ဖျားနာကုဆေးခန်းရှိ တာဝန်ရှိသူများက လက်ခံရယူခဲ့ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)