ကံမမြို့နယ် ထန်းတပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ပဉ္စမနှစ်စက်ဝန်း ချေးငွေများ ထုတ်ချေး

ကံမ စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊    ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာပေါင်း ၂၈ ရွာရှိရာ     ထန်းတပင် ကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ ပဉ္စမနှစ်မြောက်စက်ဝန်း ချေးငွေများ  ထုတ်ပေးခြင်းကို ယမန်နေ့ နေ့လယ်က အဆိုပါကျေးရွာတွင် အသင်းဝင်များအား ထုတ်ချေးပေး ခဲ့သည်။
ထန်းတပင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အသင်းဝင်ပေါင်း ၁၃၁ ဦးရှိပြီး      စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၅၈ ဦး နှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇၃ ဦးတို့အား ကျေးရွာမြစိမ်းရောင်ကြီးကြပ်မှုကော်မတီမှ  စုစုပေါင်း ငွေကျပ် (၄၄၃) သိန်း(၅)သောင်းကျပ်အား ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း ထိုသို့ထုတ်ပေးရာတွင်   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း  မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)