မြစ်သားစက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေ ဆဋ္ဌမအကြိမ်မြောက် ပြန်လည်ထုတ်ချေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြစ်သား မြို့နယ်၊ ခန္တီးကြီးကျေးရွာ၊ ခန္တော ကျေးရွာတို့၌ ဆောင်ရွက် ခဲ့ကြသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ခန္တောကျေးရွာ တွင် (၁၅၅)ဦးအတွက် ငွေကျပ် (၄၉၀)သိန်း (၅)သောင်းကိုလည်းကောင်း၊ ခန္တီးကြီး ကျေးရွာ တွင် (၃၆၂)ဦး အတွက် ငွေကျပ်(၅၁၁)သိန်းဖြင့် စုစုပေါင်း(၅၁၇)ဦးအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ငန်းများလုပ် ကိုင်နိုင်ရန်အတွက် ငွေကျပ်သိန်း (၁၀၀၁၅၀၀၀၀) ကို ထုတ်ချေးပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဆဋ္ဌမအကြိမ်ထုတ်ချေးခြင်းကို မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်၊ ဦးစီးအရာရှိ ဒေါ်အိအိသော် နှင့် ကျေးရွာတာဝန်ခံဝန်ထမ်းများက ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်ပါကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)