ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များအား လိုက်လံအသိပေးကြေညာ

ပန်းဘဲတန်း စက်တင်ဘာ ၂၅ 

ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော ညွှန်ကြားချက်များအား ပြည်သူများသိရှိလိုက်နာစေရန် လိုက်လံအသိပေး ကြေညာခြင်းများအား ယမန်နေ့က အမှတ်(၇)ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အမှတ်(၇)ရပ်ကွက်အတွင်းရှိ ပြည်သူများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော မိမိနေအိမ်အတွင်းနေထိုင်ရေး(Stay at home) ညွှန်ကြားချက်ပါ အချက်များ အား လိုက်နာကြရန်နှင့် သိရှိစေရန်အတွက် (၂၉)လမ်း(အလယ်)၊ လမ်း(၃၀) (အလယ်)၊ ရွှေဘုံသာလမ်း (အလယ်)၊ ဗိုလ်ဆွန်ပတ်လမ်း (အလယ်)၊ အနော်ရထာ လမ်းမကြီး နှင့် မဟာဗန္ဓုလလမ်းမကြီးတွင် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
နေခြည် (ပြန်/ဆက်)