နတ်မောက်မြို့နယ် န-လက္ခုပ္ပင်ကျေးရွာတွင် ထန်းကုလား ထိုင်ပြုလုပ်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

နတ်မောက် စက်တင်ဘာ ၂၅  

 
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န-လက္ခုပ္ပင် ကျေးရွာတွင် ထန်းလက်ဖြင့်ပြုလုပ်ထား သော ထန်းကုလားထိုင်များ ပြုလုပ်ခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားလျက်ရှိကြောင်း ထန်းကုလားထိုင် ပြုလုပ်သူ ဦးကျော်ဦးထံမှ သိရသည်။
 “တောင်သူလုပ်ငန်းအပြင် ထန်းကုလားထိုင်ပြုလုပ်ခြင်းဖြင့် အပိုဝင်ငွေရရှိအောင် ထန်းပင်တွေ     အောက်က ထန်းလက်အခြောက်တွေကို သွားခုတ်ရပါတယ်၊ ခုတ်ပြီးသား ထန်းလက်တွေကို အိမ်ရောက်ရင်  ကုလားထိုင်ပြုလုပ်ဖို့ မီးဖုတ်စူးတွေကို မီးဖုတ်ရပါတယ်၊ တိုင်းထွာပြီးသား ထန်းလက်တွေကို မီးဖုတ်စူးနဲ့ အပေါက် ဖောက်ရပါတယ်၊ တိုင်းထွာပြီးသားအပေါက်တွေကို တိုင်းပြီးသား သစ်သားတိုင်များဖြင့် ပြုလုပ်  ၍ သံချွန်များရိုက်ခြင်း၊ ဝါးကြမ်းခင်း များကို ကြိုးနဲ့တုတ်ပြီး ထန်းကုလားထိုင်တစ်လုံးဖြစ်အောင် ပြုလုပ်ရပါတယ်၊ တစ်ယောက်ထိုင်၊ နှစ်ယောက် ထိုင်နှင့် အိပ်စင်ထန်းကုလားထိုင်များ ပြုလုပ်ပါတယ်၊ တစ်ယောက်ထိုင် ကို(၄၀၀၀) ကျပ်နှင့် နှစ်ယောက်ထိုင် နှင့်အိပ်စင် ထန်းကုလားထိုင်များကိုတော့ (၇၀၀၀)ကျပ် ရောင်းရ၍   မိမိကျေးရွာနှင့် မြို့ပေါ်သို့ သွားရောက် ရောင်းရသည့်အတွက် မိသားစုအ ပိုဝင်ငွေရရှိကြောင်း” ထန်း  ကုလားထိုင်ပြုလုပ်သူ ဦးကျော်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။    
လှဝင်း(နတ်မောက်)