ရန်ကုန်တိုင်းဒေသကြီး၊ လှိုင် Quarantine Center သို့ ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ လာရောက်တာဝန်ထမ်းဆောင်

လှိုင်    စက်တင်ဘာ   ၂၅


ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအတွက် ကိုဗစ်-၁၉ ရောဂါကုသရေး ဌာန (လှိုင်) Quarantine Center အဖြစ် Positive လူနာများအား ထားရှိဆောင်ရွက်လျက်ရှိပြီး ထိတွေ့လူနာများနှင့် သံသယ လူနာများအား ထားရှိရန် Quarantine Center များ၌လည်း လူနာများ များပြားလာသည့် အတွက် တိုးချဲ့ဖွင့်လှစ်လျက်ရှိပါသည်။ 
ထိုကဲ့သို့ လှိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကိုဗစ်-၁၉ ကော်မတီဝင်များ ပူးပေါင်း၍ဆောင်ရွက်လျက်ရှိကြရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် Volunteers များလိုအပ်လျက်ရှိပါသည်။ သို့ဖြစ်ရာ ယမန်နေ့ နံနက်က ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီတပ်ဖွဲ့ဝင် (၄၉)ဦးသည် အောက်တိုဘာလ (၁၄) ရက်နေ့အထိ တာဝန်ထမ်းဆောင်ရန်ရောက်ရှိကြကြောင်း သတင်း ရရှိသည်။
ကြည်ဇေသော်(ပြန်ဆက်)