လေးမျက်နှာမြို့နယ်ရှိ ကျေးရွာ(၇)ရွာတွင် Cash For Work အစီအစဉ်အရ ဆောင်ရွက်သည့် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

လေးမျက်နှာ စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် CERP အစီအစဉ်အရ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash For Work စီမံကိန်းဖြင့် ကျေးရွာပေါင်း ()ရွာအတွက် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း (၁၀၀) နှုန်းဖြင့် သုံးစွဲခွင့်ပြုထားရာ၊ စုစုပေါင်း ကျပ်သိန်း (၇၀၀) ရရှိသည်။

ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၁၀၀) သုံးစွဲခွင့်ပြုထားရာ လူထုလုပ်အား (၆၀)ရာခိုင်နှုန်းနှင့် ပစ္စည်းတန်ဖိုး (၄၀)ရာခိုင်နှုန်း သတ်မှတ်ကာ၊ ပြည်သူများအနေဖြင့် အလုပ်အကိုင်ရရှိရေး၊ ကိုယ့်ရပ်ကိုယ့် ရွာဖွံ့ဖြိုးတိုးတက်ရေး တွင် ကိုယ်တိုင်ကိုယ်ကျ ပါ၀င်ဆောင်ရွက်သည့် အကျိုးရလဒ်ကိုလည်း ထိရောက်စွာ ခံစားနိုင်ကြောင်း သိရသည်။

ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဖြစ်သည့် ချောင်းကျောက်ခင်းခြင်း၊ မြေသားလမ်းခင်းခြင်း၊ ကွန်ကရစ်ဘီး လမ်းခင်းခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်းနှင့် လမ်းပုခုံးကပ်ခြင်း၊ ကျေးရွာအားကစားကွင်း မြေသားပြုပြင်ခြင်း စသည့် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ရွှေမိုး(လေးမျက်နှာ)