ချင်းပြည်နယ် မင်းတပ်မြို့သို့ တင်ပို့မည့် စားသောက်ကုန်များ ကျောက်ထုမြို့မှတစ်ဆင့် လွှဲပြောင်း ပေးပို့

ကျောက်ထု စက်တင်ဘာ ၂၅


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင်းမှ ထွက်ရှိသော စားသောက်ကုန် များနှင့် မန္တလေး၊ ပခုက္ကူမြိုများမှ ချင်းပြည်နယ် မင်းတပ်မြို့သို့ ပို့ဆောင်သော ကုန်စည်များအား  ကျောက်ထု-မင်းတပ်နယ်ခြားဂိတ် (ရေရှင်ကျေးရွာ) တွင် ကျောက်ထုမြို့ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေးကော်မတီအဖွဲ့ဝင်များက စနစ်တကျလွှဲပြောင်းပို့ဆောင်ပေးလျက် ရှိသည်။
အဆိုပါ စနစ်တကျလွှဲပြောင်းပေးခြင်းနှင့်စပ်လျဉ်း၍ ချင်းပြည်နယ် မင်းတပ် မြို့နယ်နှင့် မတူပီ မြို့နယ်များအတွက် တင်ပို့သည့် အခြေခံစားကုန်များ မပြတ်လပ်ရေးအတွက် စနစ်တကျလွှဲပြောင်း ပို့ ဆောင်ပေးနေခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါလုပ်ငန်းတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နှင့် ကျောက်ထုမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်ဌေးဦးတို့ ဦးဆောင်၍ သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများက ရေရှင်ရွာအနီးရှိ နယ်ခြားဂိတ်တွင် ကားအပြောင်းလဲပြုလုပ်စေ၍ လွှဲပြောင်းပေးကြကြောင်း သိရသည်။
မောဟေမာန် (ပြန်ဆက်)