မြန်အောင် စက်တင်ဘာ ၂၅
မြန်အောင်မြို့နှင့် အင်ပင်မြို့တို့၌ ဈေးဆိုင်ခန်းများ၊ အိမ်ဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း များကို ယနေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဈေးဆိုင်ခန်းများ၊ အိမ်ဆိုင်များအား သတ်မှတ်စည်းကမ်း နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကို အင်ပင်မြို့၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက် ဦးဆောင်၍ စည်ပင်သာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်များနှင့် အင်ပင်အုပ်ချုပ်ရေးမှူး ပါဝင်သော စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါ်ဟေသီသိန်းထွန်း ဦးဆောင်၍ စည်ပင်သာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပါ ဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် မြို့တွင်းရှိ စားသောက်ဆိုင်များ (Take-Away) (ပါဆယ်) စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)