မြို့သစ် စက်တင်ဘာ ၂၅
မကွေးခရိုင်၊ မြို့သစ်မြို့ မြို့အဝင်ဂိတ်များရှိကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး စခန်း တို့၌ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးပရဟိတ အသင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ ကြိုတင် ကာကွယ်ရေး အသိပညာ ပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မြို့သစ်မြို့အတွင်းကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းပူးပေါင်း၍ အရှိန်အဟုန်မြှင့် ပြုလုပ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။
“လက်ရှိပြည်တွင်း ကူးစက်မှုတွေ မြင့်မားနေတဲ့အချိန်မှာ မြို့သစ်မြို့နယ်အတွင်း ကူးစက် ပျံ့နှံ့မှုတွေမရှိစေဖို့အတွက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီရဲ့လမ်းညွှန်မှုနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး
ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်၊ အဓိကကတော့ မြို့သစ်မြို့ မြို့အတွင်း ဝင်/ထွက်သွားလာတဲ့ အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူတွေ ကို စာရင်း ကောက်ယူတယ်၊ ကို ဗစ်-၁၉ ရောဂါနဲ့ပတ်သတ်တဲ့ အသိပညာ ဗဟုသုတတွေ အသိပေးတယ် ၊ ကျန်းမာရေးအထောက်အကူပြု နှာခေါင်းစည်း မပါတဲ့သူတွေကို ဒဏ်ကြေးအနေဖြင့် နှာခေါင်းစည်း တစ်ခုကို (၁၀၀၀)ကျပ်နှုန်း ဖြင့်နှာခေါင်းစည်း (၂)ခုကို ခုဝယ်ခုတပ်စနစ်ဖြင့် ဆောင်ရွက်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးစခန်း၌ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေ သည့် တာဝန်ခံတစ်ဦးက ပြောသည်။
မြို့သစ်မြို့အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးပရဟိတ အသင်းအဖွဲ့များက အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်ရန်၊ မလိုအပ်လျှင် အပြင်မထွက်ကြရန်နှင့် လူစုလူဝေးနေရာများသို့ မသွားရန် အစရှိသည့် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)