တွန်းဇံ စက်တင်ဘာ ၂၅
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် ယနေ့နံနက် ၈ နာရီအချိန်တွင် မြို့အတွင်း လှည့်လည်နှိုးဆော် ဆောင်ရွက်ပေး လျက်ရှိသည်။
တွန်းဇံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှု ကော်မတီ၏ ကိုဗစ်-၁၉ဆိုင်ရာ လုပ်ငန်းများတွင် ပြည်သူများ သိရှိလိုက်ရန် ထုန်ပြန်ချက်အား မြို့ပေါ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော် ဆောင်ရွက် လျက်ရှိသည်။
မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုကော်မတီသည် ဒေသန္တရအမိန့်များ ဖောက်ဖျက် ကျူးလွန်သူများ၊ ညမထွက်ရအမိန့် ကျူးလွန်သူများ၊ လူစုလူဝေးဖြင့် ဘာသာရေးဆိုင်ရာ အစည်းအဝေး အပါအဝင် အခမ်းအနားများနှင့် ဝတ်ပြုဆုတောင်းမှု ကျင်းပပြုလုပ်သူများ၊ တရားဝင်ခွင့်ပြုထားခြင်း မရှိသည့် နယ်စပ် ဝင်/ထွက်ပေါက်များမှ ဝင်ရောက်သူများ၊ လက်ခံထားရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ သတင်းပေးပို့ရန် ပျက်ကွက်သူများ၊ Quarantine Center များမှ ထွက်ပြေးတိမ်းရှောင်သူများ၊ ဥပဒေအရ တာဝန်ပေးအပ်ထားသည့် ဝန်ထမ်း/အဖွဲ့အစည်း များကို ရန်ပြုခုခံသူများ၊ ခြိမ်းခြောက်သူများ၊ မည်သည့်မြို့သို့ သွားရောက်ခဲ့ကြောင်း ခရီးသွားရာဇဝင်တင်ပြရန် ငြင်းဆိုသူများ၊ နေရပ်လိပ်စာ လိမ်လည်ဖော်ပြခြင်း၊ သွားရောက်ခဲ့သည့် နေရာများအား မမှန်မကန် ဖြေကြားခြင်း၊ စစ်ဆေးမှုကို ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူများ၊ အဝေးပြေး ယာဉ်လိုင်းများဖြင့် လိုက်ပါလာပြီး မရိုးမဖြောင့်သော သဘောဖြင့် လမ်းခရီးတွင်ဆင်း၍ အခြားနည်းလမ်း တစ်မျိုးမျိုးဖြင့် ရပ်ကွက်/ကျေးရွာ အတွင်းသို့ ခိုးဝင်လာသူများနှင့် လက်ခံထားသူများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ(၂၅)ဖြင့် လည်းကောင်း၊ Mask တပ်ဆင်ထားခြင်းမရှိဘဲ မြို့တွင်း သွားလာသူများ၊ ကျန်းမာရေး စစ်ဆေးမှုခံယူရန် ငြင်းဆိုသူများ၊ တာဝန်အရ၊ နာရေးအရ မဟုတ်ဘဲ ခရီးသွားလာ ခွင့်ပြုမိန့်မရှိဘဲ ခရီးသွားလာသည့် နိုင်ငံ့ဝန်ထမ်းများနှင့် သတင်းပို့ တင်ပြမှုမရှိသည့်/ သတင်းထိမ်ချန်ထားသည့် တာဝန်ရှိသူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉၊ ပုဒ်မ၃၀(က)အရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန် ထားကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)