နောင်မွန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်လစာများကို ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ ထုတ်ပေး

နောင်မွန် စက်တင်ဘာ ၂၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် စက်တင်ဘာ ၂၁ နေ့မှ လကုန်အထိ အငြိမ်းစား ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ထုတ်ပေးရာတွင် ယခုဖြစ်ပွား လျက်ရှိသော ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့်ပတ်သက်၍ ကြိုတင် ကာကွယ်သည့် အနေဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရန် ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စနစ်တကျ စီစဉ်ဆောင်ရွက်ထားကြောင်း၊ ပင်စင်လစာများ ထုတ်ပေးရာတွင်လည်း တစ်နေ့လျှင် ၁၈ ဦးသာ ထုတ်ပေးကြောင်း၊ ဘဏ်အတွင်းသို့ လာရောက်ကြသော ပြည်သူများအတွက်လည်း ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် နှာခေါင်းစည်း (mask)များ တပ်ဆင်ပေးခြင်း၊ လက်ဆေးရန် နေရာနှင့် Hand Gel များထားရှိပေးခြင်းများ ပြုလုပ်ပေး ထားကြောင်း ဘဏ်မန်နေဂျာ ဦးဒိန်ခန်ဖုန်ထံမှ သိရသည်။

မြနန်း( ပြန်/ဆက်)