ညောင်ရွှေမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် သားသတ်နှင့်အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်များထုတ်ပေး

ညောင်ရွှေ   စက်တင်ဘာ  ၂၅

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် သားသတ်နှင့် အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်များထုတ်ပေးခြင်းကို ယမန်နေ့နံနက်(၁၀) နာရီက မြို့နယ် စည်ပင်သာယာရေး ဌာနရုံး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်တို့က အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေး ဌာန အမှုဆောင်အရာရှိ ဦးတင့်ဝေ က သားသတ်ထုတ်လုပ်ရောင်းချခွင့် လက်မှတ်များထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်ရ မည့် စည်းကမ်းဥပဒေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သားသတ်နှင့်အသားထုတ်လုပ် ရောင်းချခွင့် လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။ ညောင်ရွှေမြို့နယ်အတွင်း သားသတ်နှင့်အသား ထုတ်လုပ်ရောင်းချခွင့်လုပ်ငန်း (၂၆)ခုအနက် လုပ်ငန်း(၁၈)ခုအတွက် လက် မှတ်ရရှိသူ (၄၇)ဦးရှိကြောင်းနှင့် ဒုတိယအကြိမ် သားသတ်နှင့်အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်ထုတ်ပေးခြင်းကို စက်တင်ဘာလ  ၂၉ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ