ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရေး ခရီးသွားထောက်ခံချက် ပါ/ မပါ ထီးလင်း၌အရှိန်အဟုန်မြှင့် ကြပ်မတ်စစ်ဆေး

ထီးလင်း စက်တင်ဘာ    ၂၅


ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရေး အတွက် ခရီးသွားပြည်သူများအနေဖြင့် သက်ဆိုင်ရာ၏ ခရီးသွားလာခွင့် ထောက်ခံချက် ပါရှိရေး နှင့် ခရီးသွားထောက်ခံချက် ပါ/ မပါ ကြပ်မတ် စစ်ဆေးခြင်းကို ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထီးလင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုကူညီရေးအသင်း တို့က ထီးလင်း-ဂန့်ဂေါ ကားလမ်းနှင့်ထီးလင်း-ကျောက်ထု ကားလမ်း နေရာများ၌ ဖြတ်သန်းသွားလာနေကြသော ယာဉ်ကြီး/ယာဉ်ငယ်များ၊ ခရီးသွား ပြည်သူများ အနေဖြင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်မှု ရှိ/မရှိ၊ ခရီးသွားလာသည့် မြို့/ရွာများ စာရင်း ရေးသွင်းမှတ်သားခြင်း နှင့် သက်ဆိုင်ရာ၏ ခရီးသွားလာခွင့် ထောက်ခံချက် ပါ/ မပါ စသည် တို့ကို အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)