လက်ပံတန်း စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မင်းရပ်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းကြိုင်၏ နေအိမ်တွင် ယမန်နေ့ နံနက်ပိုင်းက လျှပ်စစ်ဝါယာရှော့ဖြစ်၍ နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးမှုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း များကို ယမန်နေ့ညနေက ထောက်ပံ့ပေးအပ်ခဲ့သည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်နေအိမ်အတွက် အိမ်ဆောက်ပစ္စည်း ဘိုးထောက်ပံ့ငွေနှင့် အိမ်ထောင်စုရှိလူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ စုစုပေါင်း(၂၁၆၈၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုးကို လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်း၊ ဘေးအန္ကရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မိုးညို မြို့နယ်ရုံးမှ ဦးစီမှူး ဦးမင်းသူမောင်တို့က ပေးအပ်ရာ ဦးဝင်းကြိုင်မှ လက်ခံရယူခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)