လိပ်သို စက်တင်ဘာ ၂၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နေထိုင်နေသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို လိပ်သိုမြို့ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် ၀န်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး ပိုစတာဗီနိုင်းများကို လိပ်သိုမြို့ပေါ် (၆) ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်း က လိုက်လံကပ်ထား ကြေညာလျက်ရှိပြီး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး အသိပညာပေး လုပ်ငန်း ဆောင်ရွက်ရာတွင် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်နှင့် အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ခတ်တာဆွေ နှင့် တာ၀န်ရှိသူများက လိပ်သိုမြို့အတွင်းသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ပြည်သူများမှ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်၊ အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာကြရန် လက်ကိုဆပ်ပြာနှင့် ဆေးကြောရန် စသည်တို့ကို အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာ ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အမျိုးသား ရေးတာ၀န်အဖြစ် ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လိပ်သိုမြို့ တွင်လည်း နံနက် (၄) နာရီမှ ညနေ (၄) နာရီအထိသာ ဖြတ်သန်းသွားလာခွင့်ပြုပြီး အရေးကြီးအကြောင်းအရာ တစ်စုံတစ်ရာမရှိပါက ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာခွင့်မရှိပဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အထူး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)